မတ် ၂၀
ဂျပန်နိုင်ငံသို့ ဖေဖော်ဝါရီလအတွင်းလာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွား ၃၂၅၈၁၀၀ ရှိရာ အစောပိုင်းနှစ်ကနိုင်ငံခြားခရီးသွားဝင်ရောက်မှုမှ ၁၆ ဒသမ ၉ ရာခိုင်နှုန်းအထက်ရှိကြောင်း အစိုးရအဖွဲ့က ယမန်နေ့က အချက်အလက်ဖော်ပြထားသည်။
ဖေဖော်ဝါရီလက နိုင်ငံခြားခရီးသွား သုံးသန်းကျော်ဝင်ရောက်မှုသည် တရုတ်နှစ်သစ်ကူးအားလပ်ရက်နှင့် ဆောင်းရာသီအားကစားပွဲများကြောင့်ဖြစ်သည်ဟု အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ပြောကြားသည်။
ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်သောနိုင်ငံနှင့်ဒေသများမှခရီးသွားများအနက် ထိုလအတွင်း တောင်ကိုရီးယားနိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၈၄၇၃၀၀ ရှိရာ နိုင်ငံနှင့်ဒေသများမှခရီးသွားလာရောက်မှုတွင်အများဆုံးဖြစ်ပြီး ၃ ဒသမ ၅ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားသည်။
တရုတ်ပြည်မကြီးမှခရီးသွားဝင်ရောက်မှု ၇၂၂၇၀၀ ရှိရာ ၅၇ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွားဝင်ရောက်မှုမြင့်တက်ခဲ့သည်ဟု သိရသည်။
ဩစတြေးလျနိုင်ငံမှခရီးသွားများဝင်ရောက်မှုသည် ဖေဖော်ဝါရီလတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး ခရီးသွားဦးရေ ၈၈၈၀၀ ဝင်ရောက်မှုရှိရာ ၃၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ ခရီးသွားဝင်ရောက်မှု ၁၉၁၅၀၀ ရှိရာ ၂၈ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟုသိရသည်။
ယခုနှစ်အစပိုင်းတွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ၇ ဒသမ ၀၄ သန်းခန့်အထိရောက်ရှိလာပြီး လွန်ခဲ့သောနှစ်အလားတူကာလကနိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၂၈ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုများပြားမှုရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို