ဂျပန်တော်ဝင်မင်းသမီး မာကို၏ ချစ်သူ အိမ်ရှေ့မင်းသားဇနီးမောင်နှံနှင့်တွေ့ဆုံ

တိုကျို အောက်တိုဘာ ၁၉

 

ဂျပန်တော်ဝင်မင်းသမီး မာကို၏ ချစ်သူသည် မင်းသမီး၏မိဘများ ဖြစ်သော အိမ်ရှေ့မင်းသား အာကီရှီနို ဇနီးမောင်နှံနှင့် တိုကျို မြို့တွင် တွေ့ဆုံခဲ့သည်။

 

ကိုမူရိုကီသည်အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် တိုကျိုသို့ ရောက်ရှိခဲ့သည်။ သုံးနှစ်ကြာပြီးနောက် ပထမဆုံး အကြိမ်အဖြစ် မင်းသမီးမာကိုနှင့် ကိုမူရိုတို့ ပြန်လည်တွေ့ဆုံကြခြင်း ဖြစ်သည်။

 

၎င်းသည် ဥပဒေကျောင်း တက်ရန်အတွက် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။ မင်းသမီးမာကိုသည် အိမ်ရှေ့မင်းသား အာကီရှီနို၏ အကြီးဆုံးသမီးဖြစ်ပြီး ၎င်းတို့ လက်ထပ်ပွဲမတိုင်မီ ကိုမူရိုသည် မင်းသမီး၏မိဘများကို ဦးစွာလာရောက် နှုတ်ဆက်ခြင်း သည် လက်ထပ်မှတ်ပုံတင်ပြီး ဖြစ်သည်။

 

နောက် အောက်တိုဘာ ၂၆ ရက် မင်းသမီးမာကိုနှင့် ကိုမူရိုတို့ တွင် ဂျပန်နိုင်ငံ မြို့တော် ဟိုတယ်တစ်ခုတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ