ကျောင်းကုန်းမြို့နယ်တွင် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဆီမီးတစ်ထောင်ပူဇော်

ကျောင်းကုန်း အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မျက်ရှင်တော် ပြည်လုံးချမ်းသာဘုရားကြီး၌ အောက်တိုဘာ ၁၉ ရက် သီတင်းကျွတ် အဖိတ်နေ့ ညနေပိုင်းက ဆွမ်းတော်ကြီးကပ်လှူကြပြီး ညပိုင်းတွင် ဆီမီးတစ်ထောင် ပူဇော်ခဲ့ကြသည်။

အလားတူ အမှတ်(၁)ရပ်ကွက် မိုဃ်းကောင်းဘုရားတန်ဆောင်းကြီးတွင် လည်းကောင်း၊ အမှတ် (၂) ရပ်ကွက် ဓမ္မနန္ဒာကျောင်း ရွှေဘုန်းပွင့်စေတီတွင် လည်းကောင်း၊ အမှတ်(၄)ရပ်ကွက် အမတ ရောင်ခြည် ဘုရားဖြူကျောင်းတွင် လည်းကောင်း၊ အသီးသီး ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ဆီမီး တစ်ထောင် ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)