ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

နေပြည်တော် ဩဂုတ် ၃

 

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာ များကို တပ်မတော်က သွားရောက် ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။

 

mdn

 

ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယမန်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများ၊ မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ်များနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူး များနှင့်တာဝန်ရှိသူများက အောက်ဆီဂျင်အိုး အလုံး ၇၁၇၀၊ Oxygen Concentrator စက် ခုနစ်လုံး၊ Oxygen Flow meter အစုံ ၄၀၊ Mask ၃၇၄၀၃၂ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၂၀၂၀၊ Hand Gel ၈၅၇ ဘူး၊ Face Shield ၂၅၀၊ လက်ဆေးဆပ်ပြာရည် လေးပုံး၊ Surgical Gloves ၂၀၅၄ စုံ၊ ခေါင်းစွပ် ၂၉၀၀၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ် လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ် လှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်