ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၂

 

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်း များအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်းနေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂-၈-၂၀၂၁ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ ၁၀၅ ခုမှ Flow meter အခု ၇၇၀၊ Fravir Tablet အခု ၅၀၀၊ Maglumi D-Dimer (CLIA) အခု ၇၀၊ Remdesivir For Injection အခု ၁၀၀၈၀၀၊ Oxygen Regulator ၄၃၉ ခု၊ Oxygen Concentrator အခု ၄၀၆၀၊ Oximeter ၆၃၅၆၁ ခု၊ Oxygen Bag အခု ၃၉၀၊ Oxygen Face Mask အခု ၄၇၂၅၀၊ Oxygen Inhalator အခု ၅၀၊ S/P For Oxygen Concentrator ၁၂ ခု၊ Spiro Meter အခု ၃၀၀၊ Sprayer Head အခု ၃၅၀၊ Test Kit အခု ၅၇၀၀၀၊ Themometer အခု ၆၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများတွင် ကိုဗစ်-၁၉ ကာကွယ်ကုသဆေးနှင့် အခြားဆေးမျိုးစုံ ၃၀၃၉၆ ဒသမ ၆၆ ကီလို၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း)တွင် ကုမ္ပဏီ ၃၆ ခုမှ Examination Glove ၈၀၀၀ ကီလို၊ Surgical Mask အခု ၁၂၁၃၂၀၊ Oxygen Gas ၁၂၀ ဒသမ ၆ m3၊ Liquid Oxygen ၁၈ ဒသမ ၄၃ တန်၊ PPE Gown အခု ၂၃၁၅၀၊ Flow Meter အခု ၁၅၄၀၊ Oxygen Concentrator ၁၉၉ ခု၊ Oxyge Cylinder အခု ၂၆၆၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်