ကံမမြို့နယ်မှ တည်ဆောက်ပြီစီးသည့် အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်

ကံမ အောက်တိုဘာ ၂၄

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် တည်ဆောက်ပြီစီးသည့် အောက်ဆီဂျင်စက်ရုံကို အောက်တိုဘာ ၂၃ ရက်က စတင်လည်ပတ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အရေးပေါ် လူနာများအတွက် အောက်ဆီဂျင်လုံလောက်စွာထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံသည် အလျား ၃၀ ပေ နှင့် အနံ ၂၄ ပေ ရှိပြီး အဆောက်အဦ တည်ဆောက်မှုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၁၁၈)သိန်း ထောက်ပံ့ခဲ့ပြီး အလှူရှင် စေတနာရှင်များ၏ လှူဒါန်းထည့်ဝင် ငွေများဖြင့်  ငွေကျပ် သိန်း (၈၀၀)ခန့်တန်ဖိုးရှိသည့် အောက်ဆီဂျင်စက်အား ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါအောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် ၄၀ လီတာဆန့်အောက်ဆီဂျင်အိုး (၈၀) ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်မှုကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)