လိပ်သို၌ ကွမ်းသီးများ ဆွတ်ခူးချိန် ခြံပိုင်ရှင်များ ပုံမှန်၀င်ငွေရရှိ

လိပ်သို စက်တင်ဘာ ၄

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ရေမြေအဆင်ပြေသော ဥယျာဉ်ခြံများ၌ စိုက်ပျိုးထားသည့် ကွမ်းသီးပင်များ ဆွတ်ခူးချိန်တွင် ပုံမှန်၀င်ငွေ ရရှိကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

 

ကွမ်းသီးပင်သည် ရေနှင့် အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး စွတ်စိုစိမ့်အေးသောနေရာတို့တွင် အပင်ဖြစ်ထွန်းသဖြင့် လိပ်သိုမြို့၌ စိမ့်စမ်းရေရရှိ၍ အရိပ်ကောင်းသော ဥယျာဉ်ခြံမြေများ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ ကွမ်းသီးပင်တစ်ပင်လျှင် ပန်းခိုင် သုံးခိုင် ထွက်ရှိပြီး အချို့အပင်တွင် ပန်းခိုင်နှစ်ခိုင်သာ ထွက်ကာ မိုးကောင်း၍ ရေရပါက သီးအားပိုကောင်းသည်။

 

mdn

 

လိပ်သိုဒေသတွင် စိုက်ပျိုးထားရှိသော ကွမ်းပင်များမှာ ယခင်က သုံးပြန်မှ လေးပြန်အထိ ဆွတ်ခူးခဲ့ရသော်လည်း ယခုနှစ်တွင် ရာသီဥတုပူပြင်းမှုကြောင့် နှစ်ပြန်မှ သုံးပြန်အထိသာ ဆွတ်ခူးကြရပြီး ကိုဗစ်-၁၉ ကာလ ဝယ်လက်များ ပုံမှန်မရှိ၍ လက်လီရောင်း၀ယ်လျက်ရှိကြောင်း သိရသည်။

 

နွယ်နွယ်ခိုင်(ပြန်/ဆက်)