စိစစ်အကဲဖြတ်ရွေးချယ်ရေးဒိုင်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးကို နေပြည်တော် တပေါင်းကွင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါသည်။
လုပ်ငန်းဆပ်ကော်မတီ ၁၁ ခုထဲတွင် ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး သတ်မှတ်ထားပြီး ပြိုင်ပွဲအလိုက် ပြည်နယ်နှင့် တိုင်းဒေသ ကြီး MSME အေဂျင်စီများမှ ဆန်ခါတင် ရွေးချယ်ပေးခဲ့သော လုပ်ငန်းရှင်များကို နေပြည်တော်တွင် ဖေဖော်ဝါရီလ ၇ ရက် နေ့မှ ၉ ရက်နေ့အထိ ဒိုင်အဖွဲ့များက တွေ့ဆုံစိစစ်အကဲဖြတ်အမှတ်ပေး ရွေးချယ်ခဲ့ ကြပါသည်။
အကဲဖြတ်ဒိုင်ချုပ်အဖွဲ့ကို စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ငါးဦးဖြင့် လည်းကောင်း၊ အသေးစား (Micro) စီးပွားရေးလုပ်ငန်းထုတ်ကုန်ဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ငြိမ်းအေးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အဖွဲ့ဝင် ကိုးဦးဖြင့်လည်းကောင်း၊ အငယ်စား (Small) စီးပွားရေး လုပ်ငန်းထုတ်ကုန်ဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ အလတ်စား (Medium) စီးပွားရေးလုပ်ငန်းထုတ်ကုန်ဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၀ ဦးဖြင့် လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထုတ်ကုန်ဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဇင်လတ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အဖွဲ့ဝင် ကိုးဦးဖြင့်လည်းကောင်း၊ ကုန်ထုတ်သမဝါယမ အသင်းစွမ်းဆောင်ရည် အကောင်းဆုံးဆုများအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ကိုးဦးဖြင့် လည်းကောင်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု(OROP) ထုတ်ကုန်အကောင်းဆုံးဆုအတွက် အကဲဖြတ်ဒိုင် အဖွဲ့ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၀ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ ဒိုင်အဖွဲ့ ခြောက်ဖွဲ့သည် စံသတ်မှတ်ချက်(Criteria)များနှင့်အညီ စိစစ်အကဲဖြတ်၍ အောက်ပါအတိုင်း ရွေးချယ်ခဲ့ကြ ပါသည်။
အသေးစား (Micro) စီးပွားရေးလုပ်ငန်းထုတ်ကုန်ဆု
ပထမဆုကို မန္တလေးတိုင်းဒေသကြီး မှ ဒေါ်မေနှင်းဝေက Health & Happy ကုန်အမှတ်တံဆိပ်ဖြင့် Nutrition Food ထုတ်လုပ်မှုအတွက် လည်းကောင်း၊ ဒုတိယဆုကို ဧရာဝတီတိုင်းဒေသကြီးမှ ဒေါ်မာလာစန်းက M-Treasure ကုန်အမှတ်တံဆိပ်ဖြင့် ကွမ်းသီးဖတ် ထုတ်ကုန်ထုတ်လုပ်မှုအတွက် လည်းကောင်း၊ တတိယဆုကို ရန်ကုန်တိုင်း ဒေသကြီးမှ ဒေါ်ဖြူဖြူဥက “ဝိသာခါ” ကုန်အမှတ်တံဆိပ်ဖြင့် အမွှေးတိုင်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှု အတွက်လည်းကောင်း အသီးသီးရရှိသွားပါသည်။
အထူးဆု ငါးဆုကို ဦးအောင်ဇင်မင်း ၏ “A One Engineering Group တောင်သူ အကျိုးပြု လယ်ယာသုံးစက်ပစ္စည်း လုပ်ငန်း”၊ ဒေါ်အိဇင်ဦး၏ “အိလက်ရာ” စားသောက်ကုန်လုပ်ငန်း၊ ဒေါ်ရွှေရွှေမြင့်၏ ပူတာအိုဒေသထွက်ကုန်လုပ်ငန်း၊ ဒေါ်သီတာမြင့်ဝေ၏ “မယ်သီတာ” စားသောက်ကုန်လုပ်ငန်းနှင့် ဦးဇော်မင်း နိုင်၏ “Good & Right” စပျစ်ဝိုင်၊ ဖန်ခါး ဝိုင်လုပ်ငန်းတို့က အသီးသီးရရှိကြပါသည်။
အငယ်စား (Small) စီးပွားရေးလုပ်ငန်း ထုတ်ကုန်ဆု
ပထမဆုကို စစ်ကိုင်းတိုင်းဒေသ ကြီးမှ ဦးပြည့်ဖြိုးလှိုင်က “သံစဉ်နေလ” ကုန်အမှတ်တံဆိပ်ဖြင့် ပျားရည် ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးမှ ဦးဇင်မျိုးထိုက်က “MG Myanmar Gasket” ကုန်အမှတ်တံဆိပ်ဖြင့် ကား၊ စက်၊ ဆိုင်ကယ်၊ ပိုက်ဆက် Gasket အမျိုးမျိုးထုတ်လုပ်မှုအတွက် ရရှိသွား ပါသည်။ တတိယဆုကို မန္တလေးတိုင်းဒေသကြီးမှ ဦးလှိုင်မိုးက “HMG” ကုန် အမှတ်တံဆိပ်ဖြင့် မော်တော်ယာဉ် လေစစ်ဘူး ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။
အထူးဆု ငါးဆုကို ခွန်မျိုးညွန့်၏ “နောင်ခမ်း” ကော်ဖီလုပ်ငန်း၊ ဦးတက်တိုးဝေ၏ “ထူး” စက်မှုလက်မှုလုပ်ငန်း၊ ဒေါ်နီလာဝင်းကျော်၏ “ပြည့်လျှံ” သဘာဝမြေဩဇာလုပ်ငန်း၊ ဒေါ်မာလာချို၏ “Hturu” သဘာဝဆိုးဆေးနှင့် ချည်ထည်လုပ်ငန်းနှင့် ဒေါ်အိအိလှိုင်၏ “အိလေး” စားသောက်ကုန်လုပ်ငန်းတို့က အသီးသီးရရှိသွားကြပါသည်။
အလတ်စား (Medium) စီးပွားရေးလုပ်ငန်း ထုတ်ကုန်ဆု
ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးမှ ဦးထူးဝေက သလ္လာဝတီ ကုန်အမှတ် တံဆိပ်ဖြင့် မြူထန်းရည်ဝိုင်ထုတ်လုပ် မှုအတွက် ရရှိသွားပါသည်။ ဒုတိယဆု ကို နေပြည်တော်ကောင်စီနယ်မြေမှ ဒေါ်လဲ့လဲ့ဦးက မြန်မာရွှေ ကုန်အမှတ် တံဆိပ်ဖြင့် သစ်သီးခြောက်မျိုးစုံနှင့် စည်သွတ်ဘူးများ ထုတ်လုပ်မှုအတွက် ရရှိပါသည်။ တတိယဆုကို တနင်္သာရီ တိုင်းဒေသကြီးမှ ဦးစိုးမိုးနိုင်က မြန်မာအတ္တလန်တစ် ကုန်အမှတ်တံဆိပ်ဖြင့် ပုလဲထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။
အထူးဆု ငါးဆုကို ဦးစိုးမိုးသူ၏ “အေးသာယာ” ဝိုင်လုပ်ငန်း၊ ဒေါ်သက်စုဌေး၏ “Jumjel” သဘာဝဇီးနှင့် မန်ကျည်းဖျော်ရည်လုပ်ငန်း၊ ဦးစိန်ဝင်း၏ စပါးနှံ တာယာအမျိုးမျိုးလုပ်ငန်း၊ ဦးဟိန်းထက်အောင်၏ ပဒုမ္မာဆန်စက် လုပ်ငန်းနှင့် ဦးသန်းထွန်းဝင်း၏ Agro Future Myanmar စိုက်ပျိုးရေး စက်ကိရိယာများ ထုတ်လုပ်မှုလုပ်ငန်း တို့က အသီးသီးရရှိသွားကြပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်း
(စားသောက်ကုန်စံပြထုတ်ကုန်ဆု)
မကွေးတိုင်းဒေသကြီးမှ ဒေါ်မိုးသူဇာ က “ခါတော်ဦး” ကုန်အမှတ်တံဆိပ်ဖြင့် အသင့်စားလက်ဖက်နှင့် ပဲကြော်မျိုးစုံ ထုတ်လုပ်မှုအတွက် ရရှိပါသည်။
အထူးဆု သုံးဆုကို ဒေါ်သက်မာညို ၏ “Better Bee” မြန်မာ့အရည်အသွေး မြင့်ထုတ်ကုန် ပျားရည်နှင့် စားသောက် ကုန်လုပ်ငန်းက လည်းကောင်း၊ ဒေါ်လင်းလင်းခိုင်၏ “Because” ကော်ဖီလုပ်ငန်းကလည်းကောင်း၊ ဦးအောင်မင်းနိုင်၏ “မလိငပိ” ဒေသထွက်စားသောက်ကုန်လုပ်ငန်းကလည်းကောင်း အသီးသီး ရရှိသွားကြပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်း
(လူသုံးကုန်စံပြထုတ်ကုန်ဆု)
ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်ခင်ချမ်းမြေ့သူက “ချမ်း” ကုန်အမှတ်တံဆိပ်ဖြင့် ယူကလစ် ရှူဆေး/လိမ်းဆေး ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။
အထူးဆု သုံးဆုကို ဦးဇော်မင်းဦး၏ “My Like” လူသုံးကုန်လုပ်ငန်းက လည်းကောင်း၊ ဒေါ်ယဉ်မူ၏ “ENE” လူသုံးကုန်လုပ်ငန်းက လည်းကောင်း၊ ဒေါ်ဆုပြည့်ပြည့်ထွန်း၏ “Su Signature” လူသုံးကုန်လုပ်ငန်းက လည်းကောင်း အသီးသီးရရှိသွားကြပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်း
(ရက်ကန်းထည်ထုတ်ကုန်စံပြဆု)
မန္တလေးတိုင်းဒေသကြီးမှ ဒေါ်အေးအေးသန်းက “အင်ကြင်းချယ်” ကုန်အမှတ်တံဆိပ်ဖြင့် သဘာဝဆိုးဆေး လက်ရက်ကန်းထည် အမျိုးမျိုး ထုတ်လုပ်မှုအတွက် ရရှိပါသည်။
အထူးဆုသုံးဆုကို ဒေါ်စုစုရီ၏ “ငွေစန္ဒာ” လက်ရက်ကန်းလုပ်ငန်းက လည်းကောင်း၊ ဦးကျော်မင်းဦး၏ “ကျော်” ရက်ကန်းလုပ်ငန်းက လည်းကောင်း၊ ဦးစည်သူစိုး၏ “ဆွေသစ်” အင်းလေးရိုးရာ ရက်ကန်းလုပ်ငန်းက လည်းကောင်း အသီးသီးရရှိသွားကြပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်း
(လက်မှုထည်စံပြထုတ်ကုန်ဆု)
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဒေါ်အိအိဝင်းက “နေပြည်တော် ပုံရိပ်သစ်” ကုန်အမှတ်တံဆိပ်ဖြင့် သစ်ထွင်းပန်းချီထုတ်လုပ်မှုအတွက် ရရှိပါသည်။
အထူးဆုသုံးဆုကို ဦးအောင်ကျော် ဆန်း၏ “ပန်းကမ္ဘာ” မြန်မာ့ပန်းပွတ် လုပ်ငန်းက လည်းကောင်း၊ ဒေါ်ခင်မိုးဖြူ ၏ “ချမ်းမြေ့မေတ္တာ” ကျောက်မျက် ရတနာ အလှဆင်ပစ္စည်းနှင့် ရွှေပန်းထိမ် လုပ်ငန်းက လည်းကောင်း၊ ဒေါ်ခင်မေ ကြီး၏ “ခင်ချောင်းသာ” ခရု၊ ကနုကမာ လုပ်ငန်းက လည်းကောင်း အသီးသီး ရရှိကြပါသည်။
ကုန်ထုတ်သမဝါယမအသင်း
စွမ်းဆောင်ရည်ဆု
ပထမဆုကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစုက “အနော်ရထာ” ကုန်အမှတ် တံဆိပ်ဖြင့် မြေပဲဆီထုတ်လုပ်မှုအတွက် ရရှိပါသည်။ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးမှ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းက အထည်ချုပ်လုပ်မှုအတွက် ရရှိပါသည်။ တတိယဆုကို နေပြည်တော်မှ သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက မြေပဲဆီ၊ နေကြာ ဆီထုတ်လုပ်မှု အတွက် ရရှိပါသည်။
အထူးဆုငါးဆုကို အောင်ကောင်း မြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ရွှေမြန်မာ လက်မှုထည်ပစ္စည်းရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ သစ်သားလက်မှုထည်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ စိမ်းလဲ့မြေ အထွေထွေစီးပွားရေး သမဝါယမအသင်း၏ မျှစ်ချဉ်ထုတ်လုပ်ငန်း၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ နို့ထွက်ပစ္စည်းနှင့် သဘာဝမြေဩဇာလုပ်ငန်းနှင့် ငရွှေသီဟစက်မှုကုန်ထုတ်သမဝါယမအသင်း၏ ဆီစစ်ခုံ၊ ပေါင်းစပါးအခြောက် ခံစက်၊ မီးအစားထိုး အသုံးပြုပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့က အသီးသီးရရှိကြပါသည်။
ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)
ထုတ်ကုန်အကောင်းဆုံးဆု
ပြည်ထောင်စုနယ်မြေ နေပြည်တော် မှ ဒေါ်နန်းခင်အုန်းက Na Rain Dara Co., Ltd. ကုန်အမှတ်တံဆိပ်ဖြင့် စိန်ဖူး (နိုင်ငံတကာစံချိန်မီအဆင့်မြင့်သဘာဝ မျှစ်ခြောက်) ထုတ်လုပ်မှုအတွက်၊ ကချင်ပြည်နယ်မှ ဒေါ်ထုံဖူးနင်ဌေးက “ကဆန်ထီ” စားသောက်ကုန်လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် သစ်ကြားသီး ထုတ်လုပ်မှုအတွက်၊ ကယားပြည်နယ်မှ ဒေါ်သန်းသန်းနုက Treasure Corn Company Limited ကုန်အမှတ်တံဆိပ် ဖြင့် အစေ့ထုတ်ပြောင်းထုတ်လုပ်မှု အတွက်၊ ကရင်ပြည်နယ်မှ ဦးအောင် ဇော်ထက်က “အောင်ဆန်းငွေလာ” ဆန်စက်လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် ဖန်သီးသုခဆန်ရှယ် ထုတ်လုပ်မှုအတွက်၊ ချင်းပြည်နယ်မှ ဒေါ်နှင်းမို့မို့အောင်က ချင်းရိုးရာလက်ရက်ကန်း လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် ချင်းရိုးရာအဝတ် အထည်ထုတ်လုပ်မှုအတွက်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဦးထွန်းထွန်းက “ထွန်းထွန်း” ငွေထည်ကြေးထည် ကုန်အမှတ်တံဆိပ်ဖြင့် ငွေထည်ကြေးထည်ပစ္စည်းမျိုးစုံ ထုတ်လုပ်မှု အတွက်၊ တနင်္သာရီတိုင်းဒေသကြီးမှ ဒေါက်တာအောင်လွင်က “ပြည့်ဖြိုးထွန်း” အင်တာနေရှင်နယ်လီမိတက် ကုန်အမှတ် တံဆိပ်ဖြင့် ရေထွက်ကုန်ထုတ်လုပ်မှုအတွက်၊ ပဲခူးတိုင်းဒေသကြီးမှ ဒေါ်သီရိရတနာလှိုင်က “ရိုးရာမောင်” ချည်ထည်လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် အင်းမကြူမဟာပုဆိုး၊ ရွှေကောင်စည်းပွင့်၊ ရိုးရာလုံချည်၊ မြန်မာ့ရိုးရာ လက်ထည်များ၊ ပဝါခြုံ တဘက်ထုတ်လုပ်မှုအတွက်၊ မကွေးတိုင်းဒေသကြီးမှ ဦးရဲလင်းအောင်က “စူပါမင်း” ဆီစက်လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် မြေပဲဆီ၊ နှမ်းဆီထုတ်လုပ်မှုအတွက်၊ မန္တလေးတိုင်းဒေသကြီးမှ ဦးပြည်ကျော်က “မေမြို့ဖရှက်(ရှ်)” ကော်ဖီလုပ်ငန်းကုန်အမှတ်တံဆိပ်ဖြင့် ကော်ဖီ၊ လက်ဖက်ရည်ထုတ်ကုန်များ ထုတ်လုပ်မှုအတွက်၊ မွန်ပြည်နယ်မှ ဦးစောလွင်က “နုရော်ဘာ” အပြားကြိတ် လုပ်ငန်းကုန်အမှတ်တံဆိပ်ဖြင့် ရော်ဘာပြား ထုတ်လုပ်မှုအတွက်၊ ရခိုင်ပြည်နယ်မှ ဒေါ်မအေးက “ရွှေကျား” ရက်ကန်းလုပ်ငန်း ကုန်အမှတ် တံဆိပ်ဖြင့် ရခိုင်ရိုးရာချိတ်အမျိုးမျိုး ထုတ်လုပ်မှုအတွက်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဦးမောင်မြင့်က Bright Light Co., Ltd. ကုန်အမှတ်တံဆိပ်ဖြင့် ပဲတီစိမ်း ထုတ်လုပ်မှုအတွက်၊ ရှမ်းပြည်နယ်မှ ဒေါ်သဲစုသဉ္ဇာဗိုလ်က “Shan Orchard” Myanmar Co., Ltd. ကုန်အမှတ်တံဆိပ် ဖြင့် ထောပတ်ဆီထုတ်လုပ်မှုအတွက်နှင့် ဧရာဝတီတိုင်း ဒေသကြီးမှ ဒေါ်ဇာခြည်ဌေးက Global Earth Agro & Aqua Industry Public ကုန်အမှတ်တံဆိပ်ဖြင့် ငါးအသားလွှာ၊ ငါး အသားလုံးထုတ်ကုန်များ ထုတ်လုပ်မှုတို့အတွက် ဆုများ အသီးသီးရရှိကြပါသည်။
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်း တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ဆုများပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။ ။
(ဆက်လက်ဖော်ပြပါမည်)