ရွှေပြည်သာစက်မှုဇုန် သာယာရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်   အောက်တိုဘာ   ၂၇

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီသည် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင်  အင်းစိန်မြို့နယ်၊ စံပြချမ်းမြေ့ စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ဈေးရောင်းချနေမှု၊ ရွှေပြည်သာစက်မှုဇုန် အမှတ်() () () စီမံခန့်ခွဲရေးရုံး၌ စက်မှုဇုန်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စက်မှုဇုန် ဖွံ့ဖြိုးရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး၊ ရေပေးဝေရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး အင်းစိန်မြို့နယ်၊ အောင်ဆန်းမြို့၊ တောရတပ်ဦးကျောင်းတိုက်သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် ဆီတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)