ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၈

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၉ ရက် ည ၉ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၂) ရပ်ကွက်၊ ငုဝါလမ်း၊ အမှတ် (၁၉၉/ဘီ) ခြံဝင်းအတွင်း သတင်းအရ  ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်းရှိ ဂိုထောင်ရှေ့တွင် ရပ်ထားသည့် HINO ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်း ဇော်ဝင်း (၄၈) နှစ်၊ ယာဉ်နောက်လိုက်များဖြစ်ကြသည့် ဇေယျာ (၄၃) နှစ်နှင့် မြတ်မိုး (၄၃) နှစ်တို့ကို တွေ့ရှိရပြီး အဆိုပါယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်းနှင့်အတူ ယာဉ်မောင်း ဇော်ဝင်းထံမှ ငွေကျပ် သိန်း ၅၀ တို့ကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သို့ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်