ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ်စဉ် သောကြာနေ့ညတိုင်း ပြသမည်

mdn

နေပြည်‌တော် ၂၁ အောက်တိုဘာ

 

ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ်(၁၀၀)ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ  အောက်တိုဘာ (၂၃)ရက် ညတွင် ပွဲစဉ်(၂)အဖြစ် ဂီတမှူးစန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် သန်းမြတ်စိုး၊ မောင်သိန်းဝင်း၊ ဝိုင်းလမင်းအောင်၊ ကျော်ကျော်ဟန်၊ ချမ်းမြေ့၊ ထား၊ အကယ်ဒမီချိုပြုံး၊ တက္ကသိုလ်လဲ့လဲ့၊ ရွှေရည်သိန်းတန်၊ သဲနုဝါ၊ အိအိချွန်၊ မို့မို့ကျော်လွင် တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

အဆိုပါတင်ဆက်ခဲ့မှုကို အောက်တိုဘာ (၂၅)ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၁၀) နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်