သီရိလင်္ကာနိုင်ငံက ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက် 


ကိုလံဘို အောက်တိုဘာ ၂၆

သီရိလင်္ကာနိုင်ငံသည် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့မှ ကမ္ဘာလှည့် ခရီးသည်များအား နိုင်ငံအတွင်းသို့ လာရောက်ရန် ဆွဲဆောင်လျက်ရှိပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သီရိလင်္ကာ ခရီးသွား လုပ်ငန်းဝန်ကြီး ပရာဆာနာ ရာနာ တန်ဂါက အောက်တိုဘာ ၂၅ ရက်က  ပြောကြားသည်။ 

အဆိုပါနိုင်ငံများမှ ခရီးသည်များအား ရည်ရွယ်သည့် အထူးခရီးသွားလုပ်ငန်း မြှင့်တင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တာဝန် ရှိသူများအား ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားသည်။ 

ထို့ပြင် ကာဇက်စတန်၊ ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းဒေသမှ ကမ္ဘာလှည့် ခရီးသည်များကိုလည်း သီရိလင်္ကာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ နိုင်ငံအတွင်း စက်တင်ဘာလ က ကမ္ဘာလှည့်ခရီးသည် အရေအတွက်အများဆုံးအဖြစ် ၁၃၅၄၇ ဦး ရောက်ရှိခဲ့သည်။ သီရိလင်္ကာနိုင်ငံ၌ အသွားအလာကန့်သတ်မှုများချမှတ်ခြင်းနှင့် နယ်စပ်ဒေသများ ပိတ်ထားခြင်းကြောင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လေးသန်းနီးပါးခန့်အား အကျိုး သက်ရောက်မှုများရှိခဲ့သည်။ 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ