သရက်မြို့၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်အဖြစ် ပထမအကြိမ် (၁၁၅၃၀)ဦးထိုးနှံပြီးစီး

 

သရက်     အောက်တိုဘာ   ၂၄

 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ  တတိယအသုတ် (ပထမအကြိမ်)ကို ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် စုရပ်နေရာ(၆)ခုခွဲ၍ ယနေ့ နံနက် ၉ နာရီက စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။     

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ် (၆) နေရာဖြစ်သော  ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာအုပ်စု၊ တလပါးကျေးရွာအုပ်စု၊ အလပ်လယ်ကျေးရွာအုပ်စုနှင့် ဘော်ကျေးရွာအုပ်စုများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

သရက်မြို့နယ်၌  တတိယအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၃၅၀၀)လုံး ထပ်မံရရှိထားပြီး အောက်တိုဘာ ၂၃ ရက်အထိ (၁၁၅၃၀)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိနေသူများကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ