“Stakeholders Discussion on the Survey on Awareness and Access to Social Security” ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ လူမှုဖူလုံရေးရုံးချုပ်၊ စုဝေးခန်းမ၌ လူမှုဖူလုံရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ ILO မှ Ms. Mariana Infante ဦးဆောင်သော ကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် သုတေသနပညာရှင်များ ပါဝင်သော ကိုယ်စားလှယ် (၃၅) ဦးတို့ဖြင့်  “Stakeholders Discussion on the Survey on Awareness and Access to Social Security” ဆွေးနွေးပွဲကို ဒီဇင်ဘာ ဒုတိယပတ်ကုန်တွင် ကျင်းပသည်။ 

 

အလုပ်ရှင်နှင့် အလုပ်သမားများမှ လူမှုဖူလုံရေးနှင့် သက်ဆိုင်သော အကျိုးခံစားခွင့်များ အလွယ်တကူ ရယူနိုင်စေရန်နှင့် လူမှုဖူလုံရေးအကြောင်း ပိုမိုသိရှိနားလည်ပြီး ပိုမိုပါဝင်လာနိုင်စေရန် ရည်ရွယ်၍ Communication Strategy ကို လူမှုဖူလုံရေးအဖွဲ့မှ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါဆွေးနွေးပွဲသည် လူမှုဖူလုံရေးအကျုံးဝင် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေး စီမံကိန်းအကြောင်း၊ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုနှင့် ပေးအပ်လျက်ရှိသော အကျိုးခံစားခွင့်အပေါ် သိရှိနားလည်ဆောင်ရွက်မှုအပေါ် ကွင်းဆင်းအချက်အလက် ကောက်ယူမှု (Survey) ကို ILO ၏ အကူအညီဖြင့် MSR အဖွဲ့မှ လှိုင်သာယာစက်မှုဇုန်၊ ပြည်ကြီးတံခွန်စက်မှုဇုန်နှင့် ပဲခူးမြို့တို့၌ ဆောင်ရွက်ခဲ့မှုအပေါ် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခြင်း ဖြစ်ပါသည်။ ယခုဆွေးနွေးပွဲ ရလဒ်များအရ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များအတွက် ထိရောက်ကောင်းမွန်သော Communication Strategy ကို ရေးဆွဲချမှတ်ပြီး လူမှုဖူလုံရေးစီမံကိန်းတွင် အလုပ်ရှင်၊ အလုပ်သမားများ ပိုမိုပါဝင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)