ထောပတ်သီးအဆီမှ အလှကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်းပေးသွားမည်

ပြင်ဦးလွင်   အောက်တိုဘာ   ၂၅

 

ကိုဗစ်အလွန်ကာလတွင် မြန်မာ့ထွက်ကုန် ထောပတ်သီးအဆီမှ အလှကုန်ပစ္စည်း ထုတ်လုပ်တတ်စေရေးနှင့် ဈေးကွက်သို့ ရောင်းချနိုင်စေရေးအတွက် သင်တန်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်၏ ပြောပြချက်အရ သိရသည်။ 

 

လက်ရှိအချိန်တွင် ထောပတ်သီးများကို ဈေးကွက်သို့ တင်ပို့ရောင်းချနေရသော်လည်း ကိုဗစ်ရောဂါ ဖြစ်ပွားနေချိန် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ရပ်တန့်ထားရမှုကြောင့် စားသုံးမှုနှုန်းမှာ ကျဆင်းနိုင်သည့်အတွက် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်စေရန် သင်တန်းပေးသွားမည် ဖြစ်ကြောင်း၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထောပတ်သီးအဆီမှတစ်ဆင့် body lotion ပြုလုပ်နည်း၊ ဆပ်ပြာပြုလုပ်နည်း ပညာရပ်များကို သင်တန်းပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိသည်။

 

ကိုဗစ်အလွန်တွင် ထောပတ်သီး စိုက်ပျိုးသူများအတွက် ရှေ့လုပ်ငန်းစဉ် ရည်မှန်းချက်များအနေဖြင့် GAP စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်နိုင်ရန် နည်းပညာရပ်များ၊ တန်ဖိုးမြင့်ထုတ်ကုန်များမှ ထောပတ်သီးနှင့် ဟင်းပွဲပြင်သည့် နည်းပညာရပ်များ၊ ထောပတ်သီးအဆီမှ အလှကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် နည်းပညာရပ်များကို စီးပွားဖြစ်လုပ်ကိုင်မည့်သူများကို ကျယ်ကျယ်ပြန့်ပြန့် သင်တန်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn