ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ပတ်သတ်တဲ့ သတင်းဌာနတစ်ခုကို ပိတ်ရန် တရားရုံးမှ အမိန့်ချမှတ်

၂၁ အောက်တိုဘာ

 

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ နဲ့ ဆက်နွှယ်တဲ့ ထိုင်းသတင်းဌာန တစ်ခုကို  ပိတ်ရန် အင်္ဂါနေ့က အမိန့်ချမှတ်လိုက်ပါတယ်။

 

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ လမ်းမတွေပေါ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတာ ၆ ရက်ဆက်တိုက် ရှိနေပြီဖြစ်ပါတယ်။ အဲဒီသတင်းကို ထုတ်ပြန်ချက်နဲ့ ဆက်နွှယ်ပြီး Voice TV သတင်းဝက်ဘ်ဆိုက်ကို ပိတ်ရန် အမိန့်ချမှတ်တာ ဖြစ်ပါယ်။

 

 

သက်ဆင် မိသားစု ပိုင်ဆိုင်တဲ့ သတင်းဌာန Voice TV ဟာ အရေးပေါ် အခြေအနေနဲ့ ကွန်ပျူတာ ရာဇဝတ်မှု ချိုးဖောက်တဲ့အတွက် တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

 

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သတင်းထုတ်ခွင့်နဲ့ အွန်လိုင်း သတင်းတွေမှာ ဆင်ဆာလုပ်ရန် သဘောထားမရှိပေမယ့် သတင်းတွေက နိုင်ငံရဲ့ အရေးပေါ် အခြေအနေကို ချိုးဖောက်မျိုး ဖြစ်နေတာကို တွေ့ရကြောင်း ပြောကြားပါတယ်။

 

 

ဝန်ကြီးချုပ် ချန်အိုချာက သတင်းလွတ်လပ်ခွင့်ဟာ အရေးကြီးပါတယ်။ ဒါပေမယ့် တချို့သတင်းတွေဟာ သတင်း အချက်အလက် မမှန်မကန် ဖြစ်ခြင်းနဲ့ မငြိမ်သက်မှုကို ဖြစ်စေကြောင်း ပြောကြားပါတယ်။

 

 

Voice TV သတင်းဌာနရဲ့ အကြီးအကဲက သူတို့ သတင်းဌာနအဖြစ် ရပ်တည်နေတာ  ၁၁ နှစ်ရှိပြီဖြစ် ကြောင်း၊ သတင်းဌာနဟာ ဒီမိုကရေစီထွန်းကားရေးကို ဦးတည်လုပ်ဆောင်ကြောင်း၊ ပွင့်ပွင့်လင်းလင်း၊ ထင်သာမြင်သာတဲ့ တာဝန်ယူထားသော အချက်အလက်တွေ ပါဝင်တဲ့ ဘက်ပေါင်းစုံက လူတွေရဲ့ ထင်မြင်ချက်တွေကိုသာ သတင်းအဖြစ် ထုတ်ပြန်ခဲ့ကြောင်း ပြောပါတယ်။

 

 

ထိုင်ငံခြားရှိ နိုင်ငံခြားသတင်းထောက်များအသင်းက ထိုင်းရဲတွေဟာ Voice TV သတင်းဌာန နဲ့အတူ တခြားသတင်းဌာန သုံးခုဖြစ်တဲ့ Prachatai ၊ The Reporters နဲ့ The Standard တို့ကို စုံစမ်းစစ်ဆေး နေတာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

 

 

ဖော်ပြပါ သတင်းဌာန လေးခုလုံးဟာ ဆန္ဒပြပွဲကို Facebook live မှ ဖော်ပြနေတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP

a1