တစ်ပတ်လုပ်ခ ပေါင်လေးသိန်းနဲ့ စာချုပ်သစ်ချုပ်ပြီး မန်ယူမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ ပေါ့ဘာ

မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဘာဟာ တစ်ပတ်လုပ်ခလစာ ပေါင်လေးသိန်းနဲ့ စာချုပ်သစ် တစ်ရပ် ထပ်တိုးချုပ်ဆိုဖို့ ဆန္ဒရှိနေပြီး အိုးထရက်ဖို့ဒ်မှာပဲဆက်ကစားဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဥရောပဘောလုံးလောကရဲ့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်း၊ ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်ဘယ်အသင်းကိုမှ သွားရောက်ကစားမှာမဟုတ်ဘဲ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ကွင်းလယ်ကစားသမားပေါ့ဘာကို တစ်ပတ်လုပ်ခလစာ ပေါင် ၅၁၀၀၀၀ အထိပေးပြီး ခေါ်ယူဖို့ တောင် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာရဲ့ လက်ရှိမန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ  ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းကလည်း ကွင်းလယ် ကစားသမား ပေါ့ဘာကို ခရစ္စမတ်ကာလမှာ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ငွေကြယ်