တရားမျှတမှု ရရှိရေး ဝမ်ဘီအာ ၏ မိသားစု တောင်းဆိုမှုပြု

မြောက်ကိုရီးယားတွင် ထိန်းသိမ်းခံထားရပြီးနောက် နေအိမ်သို့ပြန်ရောက်လာပြီး မကြာမီ သေဆုံးသွားခဲ့သော အမေရိကန် ကောလိပ်ကျောင်းသာ အော့သို ဝမ်ဘီအာ ၏ မိသားစုသည် ၎င်းတို့သားနှင့်ပတ်သက်ပြီး တရားမျှတမှုရှိရေးအတွက် တရားရုံးတွင် မျက်ရည်ခံထိုး အသနားခံ ကြားနာမှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

 

ဝါရှင်တန် ဗဟိုတရားရုံးတွင် ဝမ်ဘီအာ ၏ မိသားစု လာရောက်သက်သေခံခဲ့ပြီး ဖခင်ဖြစ်သူ ဖရက် ဝမ်ဘီအာ က အိမ်သို့ပြန်ရောက်လာသော ၎င်း၏ သားသည် သေဆုံးလုနီးပါးဖြစ်သည်ဟု တရားရုံးတွင် ဝမ်းနည်းပက်လက်ဖြင့် ပြောကြားခဲ့သည်။

 

အော့သို ဝမ်ဘီအာ သည် ၂၀၁၆ ခုနှစ်တွင် မြောက်ကိုရီးယား၌ ထိန်းသိမ်းထားခံခဲ့ရချိန်တွင် ကောလိပ်ကျောင်းသား တစ်ဦးဖြစ်ကြောင်း၊  ၎င်းကို ဝါဒဖြန့် ပိုစတာတစ်ခု ခိုးယူသည်ဆိုကာ တစ်နှစ်ကျော် ထိန်းသိမ်းထားခဲ့ကြောင်း ဖော်ပြထားသည်။

 

နောက်ဆုံးမှာ ၎င်းကို ပြန်လွှတ်ပေးရန် နှစ်နိုင်ငံသဘောတူညီမှုရရှိခဲ့သော်လည်း လွတ်မြောက်ချိန်တွင် မေ့မြောနေသော အနေအထားဖြင့် အိမ်သို့ပြန်လည်ရောက်ရှိပြီးမကြာမီ သေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား အန်အိတ်ချ်ကေ

 

ဘာသာပြန် မြင့်မြင့်ချို