တရုတ်ကွန်မြူနစ်ပါတီဝင်ဖြစ်ချင်တဲ့ ဂျက်ကီချန်း အများရဲ့ ကြိုဆိုခြင်းမခံရ

တရုတ် ကိုယ်ခံပညာရုပ်ရှင်တွေနဲ့ ကျော်ကြားတဲ့မင်းသားကြီးတစ်ဦးဖြစ်သူ ဂျက်ကီချန်းဟာ တရုတ် ကွန်မြူနစ်ပါတီကို ဝင်ရောက်လိုပေမယ့် တရုတ်ပြည်သူအများစုကတော့ သူ့ကို ကြိုဆိုခြင်းမရှိကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ကွန်မြူနစ်ပါတီဝင်တစ်ယောက်ဖြစ်လိုတဲ့ သူ့ရဲ့ဆန္ဒကို ဂျက်ကီချန်းက ဇူလိုင် ၈ ရက်က ပေကျင်းမှာ တရုတ်ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ စာတမ်းဖတ်ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒီအကြောင်းကို ကြားသိခဲ့ရတဲ့ တရုတ်ပြည်သူအများစုကတော့ သူ့ကိုကြိုဆိုလိုခြင်းမရှိကြောင်း လူမှုကွန်ရက် မီဒီယာတွေပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

လူအများရဲ့ ပြောဆိုမှုတွေအရ ဂျက်ကီချန်းဟာ ဇနီးသည်အပေါ် လှည့်ဖျားခဲ့ပြီး သူ့ရဲ့သားဟာလည်း မူးယစ်ဆေးဝါးပြဿနာတွေ ရှိနေပါတယ်။ ဒီအချက်တွေကြောင့် သူဟာ ကွန်မြူနစ်ပါတီဝင်တစ်ယောက် ဖြစ်ဖို့ရာ အရည်အချင်းမပြည့်မီဘူးလို့လည်း သိရပါတယ်။

အေးပြည့်