တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇ ဒသမ ၈၅ သန်းကျော်ရှိလာ 

အန်ကာရာ အောက်တိုဘာ ၂၆ 

တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၇၉၂ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၈၅၁၈၀၅ ဦး ရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက  အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားသည်။

ထို့ပြင် တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉၅ ဦး ထပ်မံတွေ့ရှိရသဖြင့် သေဆုံးသူစုစုပေါင်း ၆၉၁၁၂ ဦးရှိလာကြောင်း နှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ၂၄၄၀၃ ဦးရှိကြောင်း သိရသည်။

တူရကီနိုင်ငံသည်တရုတ်နိုင်ငံထုတ် Sinovacကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာပိုင်များက အတည် ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။ 

လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီး သူစုစုပေါင်း ၅၅ ဒသမ ၁၆ သန်းကျော်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၄၈ ဒသမ ၁ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၅ ဒသမ ၂၅ သန်းကျော်အသုံးပြုပြီး ဖြစ်ကြောင်း သိရသည်။

 ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်