တူရကီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၅၃၇ ဦးရှိ

အန်ကာရာ အောက်တိုဘာ ၁၈

 

တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၅၃၇ ဦးရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၆၃၀၁၆၃ ဦးရှိလာကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

ထို့ပြင် တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁၂ ဦး ထပ်မံတွေ့ရှိရသဖြင့် သေဆုံးသူစုစုပေါင်း ၆၇၄၃၇ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက် အတွင်း ပြန်လည်ကျန်းမာလာသူ ၂၅၆၁၁ ဦးရှိ ကြောင်း သိရသည်။

 

တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်းအရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာ ပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။

 

လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၅၄၈၃ သန်းကျော်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၄၇ ဒသမ ၂၂ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၃ ဒသမ ၈၆ သန်းကျော်အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်