ဖလမ်း ၂  မေ 

 

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေ ရှင်းလင်းခြင်းနှင့် အခွန်အများဆုံး ထမ်းဆောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အမှာစကားပြောကြားပြီး ဖလမ်း မြို့နယ်အခွန်ဦးစီးမှူး ဒေါ်မီသီစန်းက ကင်းလွတ်ခွင့်ရ လစာဝင်ငွေနှင့် အခွန်ဆိုင်ရာများ ရှင်းလင်းသည်။

 

ထို့နောက် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်၊ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ် နှင့် ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်များတွင် အခွန်အများဆုံးထမ်းဆောင်ခဲ့သော လုပ်ငန်းရှင်များအား လွှတ်တော်ကိုယ်စား လှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဂျွန်

 

_DSC8