အလုံ ဇန်နဝါရီ ၁၈

 

အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇန်နဝါရီ ၁၄ ရက်က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း(ရန်ကုန်)နှင့် အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုအစီအစဉ် ဆောင်ရွက်သည်။

 

အဆိုပါ အစီအစဉ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်က မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါအကြောင်း ပညာပေး ဗီဒီယိုပြသပေးခြင်း၊ လူနာများအား ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ဆီးချို၊ သွေးတိုးလူနာ ၁၃၂ ဦးတို့ အား ကုသမှုပေးခဲ့သည်။

 

ဆက်လက်၍ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း (ရန်ကုန်)မှ သက်ကြီးပုဂ္ဂိုလ်များ၊ သွေးတိုးဆီးချိုလူနာများ၊ နိုင်ငံ့ဝန်ထမ်းများ စုစုပေါင်း ၁၅၁ ဦးအား ရင်ဘတ်ဓာတ်မှန်ရိုက်ပြီး ကျန်းမာရေးစစ်ဆေးပေးသည်။

 

အဆိုပါ ဆေးကုသမှုဆောင်ရွက်သည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)