နေပြည်တော် ၂ မေ


ရန်ကုန်-မန္တလေးအမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ဧပြီလ ၃၀ ရက် ညနေ ၆ နာရီမှ မေလ ၁ ရက် ညနေ ၅ နာရီထိ မိုင်တိုင်(၂၀၁) နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၁ စီး၊ ဖြူးမြို့နယ်၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၉ စီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၄ စီး၊ မိတ္ထီလာ မြို့နယ်၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီးတို့အား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


MDN