အင်္ဂပူ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့တွင် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင်ပို့ချမည့်သင်ခန်းစာများ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို သင်တန်းသား သန္ဓေ/အရန် ၃၅ ဦးဖြင့် ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ခန်းစာများပို့ချမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)


