မိုးကောင်း ၂ မေ
မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာနခန်းမ Community Centre ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ၌ မြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်က အမှာစကားပြောကြားပြီး တက်ရောက်လာသူ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်များ ဆက်လက်ရှင်သန်ရေး၊ စာဖတ်ရှိန်မြှင့်တင် ရေး၊ ကလေးသူငယ်များကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်အသုံးပြုတတ်စေရေး၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)


