ပုသိမ် ဇန်နဝါရီ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကိုးမြို့နယ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပါဝင်ဆန္ဒမဲပေးခဲ့ပြီး မဲရုံများတွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင် ပြည်သူများအား လိုက်လံကြည့်ရှု အားပေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မိသားစုဝင်များ၊ မဲဆန္ဒရှင် ပြည်သူများသည် ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အောင်ဆန်းရပ်ကွက် မဲရုံအမှတ်(၁)တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒမဲပေး ရွေးချယ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်အတွင်းရှိ နေဝင်းရပ်ကွက် မဲရုံ အမှတ်(၁)၊ ဗထူးရပ်ကွက် မဲရုံ အမှတ်(၁)၊ ဆရာစံရပ်ကွက် မဲရုံ အမှတ်(၁)၊ ငှက်သိုက်ကျေးရွာ အုပ်စု မဲရုံအမှတ်(၁)၊ ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက် မဲရုံအမှတ်(၁)၊ ရွှေဘိုရပ်ကွက် မဲရုံအမှတ်(၁)၊ မြို့မရပ်ကွက် မဲရုံအမှတ်(၁)၊ တက်ဆိပ်ကျေးရွာအုပ်စု မဲရုံ အမှတ်(၁)၊ မအူကုန်းကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ သရက်ချောင်း ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ရုံးတုံး ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ဘုရားငူကျေးရွာအုပ်စု မဲရုံ အမှတ်(၁)၊ ကြာကန်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ကွင်းသုံးဆင့် ကျေးရွာအုပ်စု မဲရုံအမှတ်(၁)တို့တွင် ဒေသခံပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားမှုများ၊ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


