ဟင်္သာတ ၂  မေ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍  ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းကို ဆောင်ရွက်လျှက်ရှိရာ ဟင်္သာတမြို့နယ်အတွင်း ဒူးယားမြို့ရပ်ကွက် ၅ ရပ်ကွက်နှင့် တလုတ္ထော်မြို့တွင် မြို့ပေါ် ၅ ရပ်ကွက်တို့တွင်ရှိသော အိမ်မွေးခွေးများနှင့် ကြောင်များကို လိုက်လံထိုးနှံပေးနေကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဟင်္သာတမြို့နယ်မှ အလုံး(၃၀ဝ) ရရှိကြောင်း၊ ဧပြီ ၂၇ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ စီမံချက်ရေးဆွဲပြီး လိုက်လံဆေးထိုးပေးရာ ယနေ့အထိ ခွေးကောင်ရေ (၁၅၀)ခန့် ထိုးနှံပေးပြီးဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း အကောင် (၃၀ဝ) ပြည့်မီစေရန် ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်သန်းသန်းမူက ပြောကြားခဲ့သည်။

 

ခရိုင်ပြန်/ဆက် 

 

FB_IMG