မန္တလေး ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ညောင်ပင်သာ တလင်းကုန်း ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒ မာလာအား အမှူးထား၍ ညောင်ပင်သာ တလင်းကုန်း ကျောင်းတိုက်အတွင်း၌ တည်ထားသော ဥပ္ပါတသန္တိပုံတူစေတီတော် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ပြီး ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီပထမပတ်က ကျင်းပသည်။
ဦးစွာ အခမ်းအနားကို ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က နဂါးရုံဘုရားအား အနေကဇာတင် ကပ်လှူပူဇော်ပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အကွက် (၈၇၁)နေ ‘‘သူရိန်နန်း’’ ကိုယ်ပိုင် အထက်တန်းကျောင်းတည်ထောင်အုပ်ချုပ်သူ ဘုရားဒါယကာကြီး ဆရာကြီး ဦးတင်မောင်၊ ဘုရားဒါယိကာမကြီး ဆရာမကြီး ဒေါ်ခင်မြမြ အလှူရှင်မိသားစုတို့က ဆရာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး သူရိန်နန်းဓမ္မ ဗိမာန်တော်အတွင်း၌ ကိန်းဝပ်စံပါယ်တော်မူသော စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာအချိန်တွင် ပင့်ဆောင်ကြပြီး စေတီတော်ကြီးအား လက်ယာရစ်သုံးပတ် လှည့်လည် ပင့်ဆောင်ပြီးနောက် အလှူရှင် မိသားစုတို့က ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား အောင်သပြေခက်ဖြင့် အမွှေးနံ့သာများ ပက်ဖျန်းပူဇော်၍ “ရွှေနေဝင်း’’ ရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပြီး ဆရာတော်၊ သံဃာတော်များက စေတီတော်ကြီးအား အနေကဇာတင်လှူခဲ့ကြောင်း သိရသည်။
၀၄၆


