ရန်ကုန် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သမင်ခြံကျေးရွာတွင် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက သမင်ခြံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သက်ဦးက အမှာစကားပြောကြား သည်။
ထို့နောက် သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်က ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ဇွန် ၄ ရက် မှ ဇူလိုင် ၁၉ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း ဆရာမနှစ်ဦးက စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံစက်ချုပ်နည်း ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


