ချမ်းအေးသာစံ ဇန်နဝါရီ ၁၈

 

ချမ်းအေးသာစံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများကို ဒေးဝန်းအနောက်ရပ်ကွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ဦးစွာ ချမ်းအေးသာစံမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွေးဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)