ကျိုက်ထို ဇန်နဝါရီ ၂၇

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက် ရောင်ခြည်ဦး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ကော်မတီရွေးချယ်ပွဲကို ဇန်နဝါရီ ၂၅ ရက်က မြောက်ပိုင်းရပ်ကွက် ညောင်ဝိုင်းဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ ရောင်ခြည်ဦးရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ(သဘာပတိ) ဦးမြမောင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရောင်ခြည်ဦး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်းသားစာရင်းစစ်အဖွဲ့ အစီရင်ခံစာများကို အသင်းသား ဦးခင်ဆန်းက ဖတ်ကြားသည်။

 

ယင်းနောက် အမှုဆောင်ကော်မတီ ပြန်လည်ရွေးချယ်ရာ သဘာပတိက အတည်ပြုချက်ရယူပြီး အမှုဆောင်အဖွဲ့နှင့် အသင်းသား စာရင်းစစ်အဖွဲ့ဝင်များက ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)