ကျိုက်ထို ဇန်နဝါရီ ၂၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကျိုက်ထိုခရိုင် တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်း စစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ၄၃ ဒသမ ၂ သန်းဖြင့် ကျိုက်ထိုခရိုင် သက်သေခံပစ္စည်းထိန်းသိမ်းထားသိုမှု အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရန်ပုံငွေကျပ် ၈၇၄ ဒသမ ၃၄ သန်းဖြင့် ကျိုက်ထိုခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ နှစ်ထပ် သံကူကွန်ကရစ်တစ်လုံး တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဧပြီ ၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ သက်သေခံပစ္စည်း ထိန်းသိမ်းထားသိုမှု အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခြင်းနှင့် ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ နှစ်ထပ်သံကူ ကွန်ကရစ်တစ်လုံး တည်ဆောက်ခြင်းမှာ ၅၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)


