ညောင်ဦး      ဇန်နဝါရီ     ၁၈

၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမျိုးသားအဆင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တို့မှ ပေးအပ် ချီးမြှင့်မည့်  ပတ်ဝန်းကျင်စီမံခန့်ခွဲမှု  ကောင်းမွန်သောမြို့၊  ကျေးရွာ၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းဆုအတွက် အမျိုးသားအဆင့် သတ်မှတ်ထားသည့် အခြေခံစံချိန်စံညွှန်းနှင့် အညွှန်းကိန်းသတ်မှတ်ချက် ကိုက်ညီစေရေး ဇန်နဝါရီ ၁၆ ရက်က ကွင်းဆင်း စစ်ဆေးသည်။

ထိုသို့  စစ်ဆေးရာတွင်  ညောင်ဦးခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး  ဦးလှိုင်ကျော်စိုး  ဦးဆောင်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်နှင့်အဖွဲ့ဝင်များသည် ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာ သို့ သတ်မှတ်ထားသည့် အခြေခံစံချိန်စံညွှန်း ၁၀ ချက်၊ အညွှန်းကိန်း ၆၆ ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း