ကံမ ၂ မေ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ သာသနာ့ဗိမာန်တော်ကြီး၌် မေ ၁၈ ရက်နေ့တွင် သွားနှင့်ခံတွင်း ဝေဒနာရှင်များအား အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအခမဲ့ကုသပေးမည့် အစီအစဉ်အား ကံမမြို့နယ်အသင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း (ပခုက္ကူအသင်းခွဲ)မှ သွားနှင့်ခံတွင်း ဆရာဝန်ကြီးများပါဝင်သော အဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း (ပြန်/ဆက်)


