သထုံ ဇန်နဝါရီ ၁၈
မွန်ပြည်နယ် သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သထုံမြို့နယ် ဂေါ့ကျေးရွာရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(သထုံ)ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်းက ဘွဲ့နှင်းသဘင်စတင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူသူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာဌာနများမှ ဘွဲ့ယူသူများအား ပါမောက္ခချုပ်ထံ ပို့ဆောင်စေခြင်းတို့ကို ဆောင်ရွက်သည်။
ယင်းနောက် ပါမောက္ခချုပ်က ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.) ၃၈ ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ Bachelor of Computer Technology (B.C.Tech.) ရှစ်ဦးတို့အား ဘွဲ့လက်မှတ်များအပ်နှင်းပေးအပ်ပြီး ဘွဲ့ရမှတ်ပုံတင်စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြုလက်မှတ်ရေးထိုး၍ ဝတ်စုံများကိုဝတ်ဆင်ခွင့်ပြုကြောင်း ကြေညာကာ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။
ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် အဝေးရောက်ဘွဲ့ယူသူ ခြောက်ဦးအပါအဝင် စုစုပေါင်း ၅၂ ဦးတို့အား သက်ဆိုင်ရာဘွဲ့များကို အပ်နှင်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


