ဘားအံ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် လွှတ်တော် အဆောက်အအုံတွင် တတိယအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမအား ကြိုတင် ပြင်ဆင်ထားရှိမှု၊ လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေမည့် ဥပဒေ၊ နည်းဥပဒေများ၊ သတင်း မီဒီယာခန်းမ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ နားနေခန်း၊ စားသောက်ခန်း၊ အစည်းအဝေးခန်း၊ ဧည့်ခန်း၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌရုံးခန်း၊ ရေးရာကော်မတီ ရုံးခန်းများ၊ လွှတ်တော်စာကြည့် တိုက်၊ သင်တန်းခန်းမနှင့် ပြည်နယ်လွှတ်တော်ရုံးရှိ ဌာနခွဲနှစ်ခု၊ ဌာနစု ၁၀ စု၏ ရုံးခန်းများနှင့် လုပ်ငန်းဆောင်ရွက်ပုံများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနိုင်ရေး ဘားအံတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမအနီးရှိ ကရင်ပြည်နယ်လွှတ်တော်ရိပ်သာ၏ master badroom ၁၀ ခန်း၊ စားသောက်ခန်း၊ ဧည့်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


