လဲချား ဖေဖော်ဝါရီ ၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးရှေ့၌ ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရေး၊ မီးလောင်မီးလန့်မှုများ ဖြစ်ပွားလာပါက မီးသတ်ဆေးဘူးလက်လှမ်းမမီပါက အခြားနည်းလမ်းဖြင့် အမြန်ဆုံး ငြှိမ်းသတ်နိုင်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဇာတ်တိုက်လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)