လွိုင်ကော် ၂၃ ဧပြီ 

 

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လောဓလေးကျေးရွာရှိ (၁၆)ကုတင်ဆံ့ လောဓလေး တိုက်နယ်ဆေးရုံ အဆောက်အဦသစ် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါဆေးရုံရှေ့၌ ပြုလုပ်ခဲ့သည်။

 

1

 

အခမ်းအနားတွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦခင်မောင်ဖြူနှင့် တာဝန်ရှိသူများက ဆေးရုံအဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

1

 

ဆက်လက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက “ကယားပြည်နယ် အစိုးရအနေဖြင့် နိုင်ငံတော်အစိုးရသစ် တာဝန်ယူချိန်မှစ၍ ပြောင်းလဲကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်စေမည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များကို ပြောင်လဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်း အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် တိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ လူမှုစီးပွား တိုးတက်ဖို့အတွက် ကျန်းမာရေးသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍကို ကြည့်မယ်ဆိုပါက ကျန်းမာရေး စောင့်ရှောက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး အဆောက်အဦများ၊ ဆေးရုံများ၊ ဝန်ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြည့်စုံရန်အတွက် အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်အတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြှင့်မားလာစေရေး၊ ဒေသတွင်း ဦးစားပေး ကျန်းမာရေး ပြဿနာများကို ဖြေရှင်းနိုင်ရေး၊ မြို့ပြနှင့် ကျေးလက်ကျန်းမာရေးတိုးတက်မှု ကွာဟချက်များ လျော့နည်းစေရေး တို့အတွက် သက်ဆိုင်ရာဌာနများအား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြောကြားသည်။

 

1

 

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်စိုး(လွိုင်ကော်)

1

 

1

 

1

 

1