မြောင်းမြ ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မျိုးစေ့ထုပ်နှင့် Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က Rice Export Zone အကြောင်း၊ မြန်မာနိုင်ငံ မျိုးစေ့အသင်းအမှုဆောင် ဒေါ်အတာမေက မျိုးစေ့ထုပ်အကြောင်းနှင့် Si Pwar Trading Co.,Ltd. မှ Managing Director နော်ခင်ခင်က Rice Export Zone ဖော်ဆောင်မည့် အခြေအနေများကို ဆွေးနွေးသည်။
ထို့နောက် တောင်သူများ၏ မေးမြန်းချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)


