ပွင့်ဖြူ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပွင့်ဖြူမြို့ မြို့မစည်ပင်သာယာဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ဇန်နဝါရီ ၂၉ ရက်က ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ မြို့မဈေးကြီး၌ ဈေးသူ ဈေးသားများ မီးဘေးအန္တရာယ် တွေ့ကြုံပါက မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်းများနှင့် မီးငြှိမ်းသတ်ယာဉ် အသုံးပြုပြီး မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


