မြင်းခြံ ဇန်နဝါရီ ၂၂

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများ မြင်းခြံမြို့အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့ ညနေ ၃ နာရီမှ စတင်၍ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ မြင်းခြံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရပ်ကွက်များရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေ၊ မဲပေးရန်စောင့်ဆိုင်းစဉ် အရိပ်ရရှိရေးပြင်ဆင်ထားရှိမှုများ၊ မဲမပေးမီ ပြည်သူများအတွက် မဲပေးခြင်းအသိပညာပေး တီဗွီထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံပြင်ဆင်ရန်လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)