ကောလင်း ၂ မေ    


    
မေလ ၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကောလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သေး ဦးဆောင်သော သန္ခေမီးသတ်တပ်ဖွဲ့ဝင်(၁၉)ဦး နှင့် ကျော်ဇေယျာ-၂ ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး တို့သည် ပြည်သူ့ဆေးရုံးကြီးဝင်းနှင့် ရေမြောင်းတို့တွင် ခြင်၊ ယင်များ မပေါက်ပွားစေရေး၊ သန့်ရှင်းသာယာလှပစေရေးတို့အတွက် ခြုံနွယ်ပိတ် ပေါင်းများ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနှတ်မြောင်းများတွင် ပိတ်ဆို့နေသော အညစ်အကြေးများ ရှင်းလင်းခြင်းကို မေ ၁ ရက် နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

1.02.