ပုသိမ် ၂ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေသို့ လေ့လာရေးခရီးစဉ်ရောက်ရှိနေသော ဒဿမတန်း လူရည်ချွန်မောင်မယ်များသည် ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ ရွှေမြင်းပျံဟာလဝါလုပ်ငန်းအား သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ပုသိမ်ရွှေမြင်း ပျံ၌ဟာလဝါလုပ်ငန်း အဆင့်ဆင့်အား လေ့လာမှုများ ပြုလုပ် ခဲ့ကြပြီး ရွှေမြင်းပျံဟာလဝါပိုင်ရှင် ဦးကျော်အေးက ဟာလဝါအချိုးအစားနှင့် လုပ်ငန်းအကြောင်းကို လူရည်ချွန် မောင်မယ်များအား ရှင်းလင်းပြသသည်။
ထို့နောက် လူရည်ချွန်မောင်မယ်တို့မှ ဟာလဝါလုပ်ငန်း နှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းပြီး ဦးကျော်အေးက ပြန်လည်ရှင်းလင်းကာ ဟာလဝါလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


