နေပြည်တော် မေ ၂၂

 

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်ရှိရာ ယနေ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန် ရှိသူများသည် စစ်ကိုင်းမြို့ရှိသာသနိက အဆောက်အအုံနေရာများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင် ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများက ပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်း ဖယ်ရှားနေမှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။ ဆက်လက်ပြီး စစ်ကိုင်းမြို့ နန်းဦးမြို့သစ်အတွင်း ငလျင်ဘေး ဒဏ်သင့် ဝန်ထမ်းမိသားစုများ မိုးမကျမီ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်ရေးအတွက် Modul Modular House ဆောက်လုပ်နေမှု အခြေအနေများနှင့် စစ်ကိုင်းမြို့အတွင်း ရှိ အန္တရာယ်ရှိ လူနေအဆောက် အအုံများကို မိုးမကျမီ ဖယ်ရှား ရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့်တင် ဖယ်ရှား ရှင်းလင်း နေမှုတို့ကို လိုက်လံများကို တာဝန်ရှိသူများနှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ပြီး ဂန္ဓကုဋိတိုက် ပြန်လည်မွမ်းမံ ပြင်ဆင်ခြင်း လုပ်ငန်းနှင့် ကျောင်းတော်ကြီးအား ပြုပြင်ဆောင်ရွက်နေမှုအား လည်းကောင်း၊ စိန်ဖူးတော်အသစ် ပြုလုပ်နေမှု အခြေအနေများအား လည်းကောင်း၊ ယာယီအပူဇော်ခံ ထားရှိသော ထီးတော်ကြီး စိန်ဖူး တော်အဟောင်းနှင့် ဘုရားကြီး မျက်နှာသစ်ရာတွင် အသုံးပြုသော ရတနာပစ္စည်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုအား လည်းကောင်း သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် မန္တလေးတက္ကသိုလ် သို့သွားရောက်၍ ပင်မဆောင် အပေါ်ထပ်ရှိ ငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျ ပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှား ရှင်းလင်းနေမှုများ၊ တက္ကသိုလ် စာကြည့်တိုက်တွင် အပျက်အစီး များ ရှင်းလင်းဆောင်ရွက် ထားရှိမှု တို့အားလည်းကောင်း၊ အောင်မြေ သာစံမြို့နယ်ရှိ Sky Villa နေရာသို့ သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပစ္စည်း အဖွဲ့ ယာယီ လက်ခံ/ထုတ်ပေးရေးအဖွဲ့ ယာ ရုံးတွင် ရှာဖွေတွေ့ရှိသော ပစ္စည်း များအား သက်ဆိုင်ရာပိုင်ရှင် အသီးသီးထံ စနစ်တကျလွှဲပြောင်း ထားရှိမှုနှင့် ထပ်မံရှာဖွေတွေ့ရှိသော ငွေနှင့် ပစ္စည်းများအား စနစ်တကျထားရှိမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် လမ်းဘေးဝဲ/ ယာရှိအန္တရာယ်ရှိ အဆောက်အအုံများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်း များနှင့် အမရပူရမြို့နယ်ရှိ သမိုင်းဝင်အောင်မြေ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရာကြီး ထီးတော် ပြန်လည်ပြုပြင်ရန် အတွက် ပြင်ဆင်ထားရှိမှုများ နှင့် ရွှေကူကြီးမြတ်စွာဘုရား အတွင်းရှိ ကျောင်းတိုက်များအား စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ချမ်းမြ သာစည်မြို့နယ်ရှိ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော “အောင်" အီလက်ထရောနစ် ပစ္စည်း ရောင်းဝယ်ရေးဆိုင်အား စက်ယန္တရားကြီးများဖြင့် ဖြိုဖျက် နေမှုအား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်အတွင်း ရှိကျုံး အနောက်စည်ရှည်တံခါး အား သွားရောက်၍ လုပ်ငန်းပြီးစီး မှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့ ဆူးကုန်း ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း အိမ်ရာဝင်းအတွင်းရှိ ယာယီ သုံးခန်းတွဲလိုင်းခန်းများ တည် ဆောက်နေမှု အခြေအနေများနှင့် ကျောက်ဆည်ခရိုင် စုပေါင်းရုံး အတွင်း၊ ယာယီရုံးခန်းများ ဖွင့်လှစ် နိုင်ရေးအတွက် Modular Container House များ တည်ဆောက်နေမှု အခြေအနေများ၊ ကျောက်ဆည်ခရိုင် အတွင်းရှိငလျင်ဘေးဒဏ်ကြောင့် ပျက်စီး သွားသော ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများ နှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ် သားပြားများအား စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေး နေမှုအခြေအနေများနှင့် စဉ့်ကိုင် မြို့နယ်ရှိ Power Gen Kyaukse Campany Limited သဘာဝ ဓာတ်ငွေ့အင်ဂျင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတွင် စက်များ ပြန်လည်လည်ပတ် လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်