ငပုတော    ဇန်နဝါရီ   ၁၉

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဝါး အရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးပိုင်စိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ သတိပြုလိုက်နာရမည့်အချက်များကို အကြံပြုခဲ့ကြောင်း သိရသည်။    

အောင်သူ(ပြန်/ဆက်)