၂၃ ဒီဇင်ဘာ

ဂျာမနီနိုင်ငံမှာ တစ်နှစ်ကို ခရစ်စမတ်သစ်ပေါင်း ၂၅ သန်း အသုံးပြုပြီး နေအိမ်တွေမှာ အလှဆင်လေ့ ရှိပါတယ်။ ဘာလင်မြို့ရှိ ဥယျာဉ်အလှဆင်တဲ့ လုပ်ငန်းကနေ ခရစ်စမတ်သစ်ပင်တွေကို ငှားရမ်းပေးနေတာ ၂၀ဝ၈ ခုနှစ်ကစပြီး အခုဆို ၁၁ နှစ်ရှိပြီ ဖြစ်ပါတယ်။

အခုလိုခရစ်စမတ်သစ်ပင်တွေကို ငှားရမ်းပေးခြင်းအားဖြင့် သစ်ပင်တွေကို ဆက်လက်ရှင်သန်ခွင့်ရရှိပါတယ်။ သစ်ပင်တွေရဲ့ အရွယ်အစား၊ အမျိုးအစားအလိုက် ယူရိုငွေ ၂၀ ကနေ ၅၀ အထိ တန်ဖိုး ရှိပါတယ်။ ခရစ်စမတ် သစ်ပင်ကို ငှားရမ်းစဉ်မှာ စပေါ်ငွေကို ယူထားပြီး သစ်ပင်တွေကို ဇန်နဝါရီလမှာ ပြန်လာပေးလို့ အပင်က ကောင်းသေးရင် ယူရိုငွေ ၁၀ ပြန်ပေးပါတယ်။ သစ်ပင်တွေကို ငှားရမ်းစဉ်မှာ ဘယ်လိုပုံစံထားရမယ်ဆိုတာကို အသေအချာရှင်းပြပြီးဖြစ်ပါတယ်။ ငှားရမ်းလိုက်တဲ့ သစ်ပင်ပေါင်း ၈၅ ရာခိုင်နှုန်းဟာ အကောင်းပုံစံနဲ့ ပြန်လည်ရရှိပါတယ်လို့ ပြောပါတယ်။

Myanmar Digital News _ website - mdn.gov.mm

ကိုးကား - AFP