နတ်မောက် ဇန်နဝါရီ ၂၅

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့မစည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီ ၂၃ ရက်က မြို့မစျေးကြီး၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲ၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဌေးမော်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ရေသယ်ယာဉ် တစ်စီးတို့ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦး၊ စျေးကော်မတီဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မီးဘေးအန္တရာယ်ကင်းရှင်းရေး လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

လှဝင်း