ပဲခူး ဖေဖော်ဝါရီ ၁

 

ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက လူငယ်များ စာဖတ်သင့်သည့် အဓိကအကြောင်းရင်းများကို  ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ပဲခူးမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (မြို့တွင်းကြီး)မှ ကျောင်းသား ကျောင်းသူ ၂၅ ဦးတို့က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက ပဲခူးခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)