ပြည် ဖေဖော်ဝါရီ ၂

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သစ်ချီတင်ကျေးရွာအုပ်စု၌ ဇန်နဝါရီ ၃၁ ရက်တွင် စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများနှင့် တောင်သူများတွေ့ဆုံ၍ ကြံသီးနှံစိုက်ဧကအားလုံး ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် ကြံခုတ်သိမ်းသည့်နည်းစနစ် မှန်ကန်ရေးနှင့် လမိုင်းအထူးအထွက်တိုးရေး နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ပဲခူတိုင်းဒေသကြီး(အနောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာမော် ဦးဆောင်သောပညာရှင်အဖွဲ့နှင့် ပြည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မြေအသုံးချ တာဝန်ခံ ဒေါ်အေးအေးမင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်အိအိငြိမ်း ဦးဆောင်သော ပညာရှင်အဖွဲ့တို့က ကြံစိုက်တောင်သူများနှင့် ကြံခုတ်လုပ်သားများအား မှန်ကန်သောကြံခုတ်သိမ်းနည်းစနစ် ဆောင်ရွက်နိုင်ရေး၊ ကြံခုတ်သိမ်းမှုကျွမ်းကျင်လုပ်သားများ ဖြစ်ပေါ်လာစေရေးနှင့် လမိုင်းအထူး အထွက်တိုးရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)